Dear Dhamma Freinds,
Chanmyay Yeiktha Meditation Centre is organizing Chinese New
Year Holiday Meditation Retreat at KOTA TINGGI, JOHOR, MALAYSIA.
All are welcome to join. Program as follows
Date From |
: |
09/02/2013 to 17/02/2013 |
Venue |
: |
KOTA TINGGI, JOHOR, MALAYSIA |
|
Registration |
: |
Mya Wit Yee (HP - 91389712)
Kyu Kyu Hlaing (HP - 97996503)
Aung Kyaw Thaike ( ktuaung@gmail.com )
|
** CLICK HERE TO SEE EVENT PHOTOS IN GOOGLE PLUS ** (PART
1)
** CLICK HERE TO SEE EVENT PHOTOS IN GOOGLE PLUS ** (PART
2)

ယောဂီအပေါင်းတို့အား လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
လာမည့် ၂၀၁၃ခုနှစ် တရုတ်နှစ်ကူး ဖေဖေါ်ဝါရီလ ရက်ရှည် ရုံးပိတ်ရက်တွင်
ယောဂီအပေါင်းတို့ အကျိုးရှိရှိ အေးငြိမ်းချမ်းသာစွာ
တရားအားထုတ်နိုင်ပါစေခြင်းအကျိုးငှာ ချမ်းမြေ့ရိပ်သာမှ ပူးတွဲပါ
အစီအစဉ်အတိုင်း ဒုလ္လဘပွဲနှင့် ၀ိပဿနာ တရားစခန်းပွဲကို
စီစဉ်ကျင်းပမည်ဖြစ်ပါသဖြင့် အတူတကွဝင်ရောက် တရား အားထုတ်ကြပါရန်
လေးစားစွာဖိတ်ကြားအပ်ပါသည်။ ကိုတာတင်ဂီကျောင်း၊ ဂျိုဟိုးမြို့သည်
ဝိပဿနာတရားအားထုတ်ရန် အထူးတိတ်ဆိတ်ငြိမ်သက်သော နေရာဖြစ်ပါသဖြင့်
တရားထူး တရားမြတ်အတွက် ကြိုးစားအားထုတ်ရန်
အခွင့်ကောင်းတစ်ရပ်ဖြစ်ပါသည်။
- အခက်အခဲ မရှိစေရန်
မလေးရှားဗီဇာကို မိမိအစီအစဉ်ဖြင့် တစ်လကြိုတင်လျှောက်ထားကြပါရန်
တိုက်တွန်းအပ်ပါသည်။ (နိုင်ငံကူးလက်မှတ်သက်တမ်း အနည်းဆုံး (၇) လရှိရန်
လည်းလိုအပ် ပါသည်။)
- အသွားအပြန် ဘတ်စ်ကားများ
စီစဉ်ပေးမည်ဖြစ်ပါသည်။ ရက်ပြည့် မထိုင်နိုင်သူများ အတွက်
Woodland/Johore Checkpoint အထိ ကားစီစဉ်ပေးပါမည်။
- ယောဂီများ
အခမဲ့တရားဝင်ရောက်အားထုတ်နိုင်ပါသည်။
တရားစခန်းပွဲအတွက် ကား၊ ဆွမ်း ခဲဖွယ်၊ အအေးအဖျော်၊ ရေ
လှူဒါန်းလိုသူအလှူရှင်များ ဆက်သွယ် လှူဒါန်းနိုင်ကြပါသည်။
ဝေယျာဝစ္စနှင့် အစားအသောက်ချက်ပြုတ်ရန် လုပ်အားပေးလိုသူများလည်း
ကုသိုလ်ပါဝင် ယူနိုင်ကြပါသည်။
ရုံးပိတ်ရက်ရှည်ဖြစ်သဖြင့် ကြိုတင် စာရင်းပေးသွင်းကြပါရန်
အထူးနှိုးဆော်အပ်ပါသည်။
~ သတ္တဝါမှန်သရွေ့ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ ~
သာဓု၊သာဓု၊သာဓု။
ချမ်းမြေ့ရိပ်သာ ဝေယျာဝစ္စအဖွဲ့ (စင်္ကာပူ)